သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှာစတင် နေထိုင်ခွင့်ပေးသွားမည်

ရန်ကုန်မြို့အတွင်း ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် မှာ တည်ဆောက်ထားတဲ့ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှာ နေထိုင်ရေးအခက်ခဲရှိသူတွေ နေထိုင်ခွင့် လျှောက်ထားဖို့ အသိပေးထားပြီး ကနဦး အနေနဲ့ အဆိုပါ အိမ်ရာက တိုက်ခန်း၁၂၀၀မှာ နေထိုင်ခွင့်ပေးသွားမှာဖြစ်ကြောင်း မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေ သိရပါတယ်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းက ပထမအဆင့်ပြီးစီးမယ့် တိုက်ခန်း၁၂၀၀မှာ စတင်ငှားရန်းနေထိုင်ခွင့် ပေးသွားမှာဖြစ်လို့ အမှန်တကယ်နေထိုင်ခွင့်အခက်ခဲရှိသူတွေ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာ ဇူလိုင်လကုန် ၃၁ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမယ်လို့ဆိုပါတယ်။