မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

စေတနာမညံ့ဖျင်းပါနဲ့

စိတ်သဘောထား မသေးပါနဲ့
ချစ်ရတဲ့သူတွေရဲ့
ငြိုငြင်ခြင်းကို ခံရတတ်ပါတယ် ။

အမြင်လည်း မကျဥ်းပါနဲ့
လူတကာနဲ့ ပြိုင်ပြီးတော့
ငြင်းခုံအကျိုးနည်းရတတ်ပါတယ် ။

သူများအပြောနဲ့လည်းမယုံပါနဲ့
ကိုယ်မသိတဲ့သူများအကြောင်းတွေ
ရှိနေတတ်ပါတယ် ။

အပြစ်ဖြစ်မယ့်အတွေးမတွေးပါနဲ့
ချမ်းသာမယ့် အတွေးပဲ
များများလေး တွေးပေးကြပါ ။

အကြောင်းမဲ့လည်းဒေါသမထွက်နဲ့
ကိုယ်ကျိုးတွေနည်းလို့
စိတ်တွေပါဆင်းရဲရတတ်ပါတယ် ။

အပျော်နောက်ချည်းပဲမလိုက်ပါနဲ့
အပျက်တွေနဲ့ ရင်ဆိုင်ရပြီး
နောင်တတွေနဲ့ နေရတတ်ပါတယ် ။

စေတနာတွေ မညံ့ဖျင်းပါနဲ့
ကံကောင်းမှု မိတ်ဆွေကောင်းတွေ
လက်လွတ် ရတတ်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏