ကမ္ဘောဒီးယား ဆီးဂိမ်းပြိုင်ပွဲ၌ အားကစားနည်း ၂၁ မျိုးတွင် မြန်မာကစားသမား ၅၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည်

ကမ္ဘာဒီးယားနိုင်ငံတွင် မေလ ၆ ရက် မှ ၁၇ ရက်အထိ ကျင်းပမည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)မှာ မြန်မာနိုင်ငံမှအုပ်ချုပ်ရေးအဖွဲ ၅၆ ဦး၊ အုပ်ချုပ်နည်းပြအဖွဲဝင် ၁၀၄ ဦး၊ အမျိုးသားအားကစားသမား ၁၉၈ ဦး၊ အမျိုးသမီး အားကစားသမား ၁၄၃ ဦးစုစုပေါင်း ၅၀၁ ဦးဖြင့် အားကစားနည်း ၂၁ နည်းတွင် ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရပါတယ်..။