City Taxi စတစ်ကာသင်္ကေတတွေ ဖေဖော်ဝါရီ ၁ရက်က စတင်ပြောင်းလဲမည်

ရန်ကုန်တိုင်းအတွင်းပြေးဆွဲနေတဲ့ City Taxi အားလုံးရဲ့ လက်ရှိအသုံးပြုနေတဲ့ ဘေးစတစ်ကာ သင်္ကေတ နံပါတ်တွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင် ပြောင်းလဲသတ်မှတ်သွား မှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြော ပါတယ်။

အရင်က ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၄ ခုအပေါ်အခြေခံပြီး E,W,S,N သင်္ကေတတွေထားခဲ့ပေမယ့် လက်ရှိ ပြောင်းလဲ ပြင်ဆင် သတ်မှတ်လိုက်တဲ့ ခရိုင် ၁၄ ခုကိုယ်စားပြု မြို့နယ် ၄၅ မြို့နယ်အစဉ်အလိုက် YGN-1/0001 မှစတင်ကာ YGN-2/0002, YGN-3/0003, YGN -4/0004 အစရှိတဲ့ နံတ်တွေနဲ့ ပြောင်းလဲသတ် မှတ်သွား မှာဖြစ်တယ်လို့ သိရပါတယ်။

City Taxi ယာဉ်တွေရဲ့ ဘေးစတစ်ကာသင်္ကေတပြောင်းလဲသတ်မှတ်တာက City Taxi တွေ စည်းကမ်းရှိစွာ စနစ်တကျပြေးဆွဲနိုင်ဖို့၊ မြို့တော်အင်္ဂါနဲ့ညီတဲ့ City Taxi တွေဖြစ်ဖို့နဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေအတွက် ဘေးကင်းလုံခြုံ စွာ ဝန်ဆောင်မှုပေးနိုင်စေရန် အတွက် ရည်ရွယ်ဆောင်ရွက်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

City Taxi ယာဉ်တွေ ဘေးစတစ်ကာပြောင်းလဲတပ်ဆင်ရာမှာလည်း ဒဏ်ကြေးကောက်ခံတာတွေမရှိဘဲ ကုန်ကျမယ့်နှုန်းထားအလိုက် ပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။