စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ပိန္ဒဲကုန်းကျေးရွာအနီးတွင် PDF များ၏ ခဲယမ်းများနှင့် ဆက်စပ်စပစ္စည်းများ သိမ်းဆည်းရမိ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် မနေ့က နံနက် ၁၁ နာရီခွဲခန့်တွင် ဝန်းသိုမြို့နယ်၊ ပိန္ဒဲကုန်းကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များနှင့် အပြစ်မဲ့ပြည်သူများအား ဒုက္ခမျိုးစုံပေးနေသော PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများမှာ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး PDF အကြမ်းဖက်သမားများထံမှ

  • အမ် ၂၂ ကျည် ၁၉၀ တောင့်
  • အမ် ၂၂ ကျည်အိမ် ၁ ခု
  • ၄၀ မမ ဗုံးသီး ၂ လုံး
  • ၆၀ မမ ဗုံးသီး ၁ လုံး
  • အီကွေးမန့် ၁ စုံ
  • ကျောပိုးအိတ် ၁၁ လုံး
  • ယူနီဖောင်း ၃ စုံ တို့အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။