မင်္ဂလာနံနက်ခင်းလေးပါရှင်

” ဝဋ်ကြွေး ” ပါလာပြီ ဆိုလျှင် ..
🙏🙏🙏🙏🙏🙏🙏🙏

ကိုယ်ကောင်းပေမယ့် သူမကောင်းတာ
“ဝဋ်”ကြောင့်ပါ !!!
သူ့အပေါ် ကိုယ်က တကယ်ကောင်းရဲ့သားနဲ့
သူက ကိုယ့်အပေါ် နည်းနည်းလေးမှ
ကောင်းမလာဘူးဆိုရင် ကိုယ့်မှာဝဋ်ကြွေး
ရှိနေပြီဆိုတာ သေချာပါတယ်။

သူ့ကို ကိုယ်က ဘာမှ အပြစ်လည်းမပြော
ကိုယ်လုပ်ထားတဲ့ အပြစ်တွေ ဘာမှလည်းမရှိဘဲနဲ့
ကိုယ့်ကို သူက အပြစ်ပဲ အမြဲပြောနေပြီဆိုရင်..
သေချာတယ် ကိုယ့်မှာ ဝဋ်ကြွေးရှိနေပြီဆိုတာ။

ကိုယ့်ကလည်း သူ့ကိုတစ်ခါမှ မမုန်းရပါဘဲ
ဘာမှန်း ညာမှန်း မသိဘဲ သူ့ဆီမှာ..
ကိုယ်အမုန်းခံနေရပြီဆိုရင် သေချာတယ်၊
ကိုယ်မှာ အမှန်တကယ် ဝဋ်ကြွေးရှိနေပြီဆိုတာ။

ဝဋ်ကြွေးရှိရင် ကိုယ်မလုပ်ပေမယ့်
ကိုယ်လုပ်တယ်လို အထင်ခံရတတ်တယ်။
ကိုယ်မပြောပေမယ့် ကိုယ်ပြောတယ်လို
အထင်ခံရတတ်တယ်။

ကောင်းတာလုပ်တဲ့အခါလည်း
ကောင်းတယ်လို တစ်ချိုလူတွေ မမြင်ကြဘူး။
ဝဋ်ဆိုတာ ဆပ်မှ ကျေမယ်။
ဆုတောင်းနေရုံဖြင့် ဝဋ်ကုန်သွားမှာ မဟုတ်ဘူး။

ဝဋ်ကြွေးတွေကျေ ဖို သူမကောင်းပြောလည်း
ကိုယ်က သူ့ကို မကောင်း ပြန်မပြောနဲ့။
သူက ကိုယ့်ကို အမုန်းပေးနေလည်း
ကိုယ်က အမုန်း ပြန်မပေးနဲ့။
သူက ကိုယ့်ကို တစ်မျိုးထင်လည်း
ကိုယ်က သူ့ကို တစ်မျိုး မထင်ပါနဲ့။
သူ့အပေါ်တင်နေတဲ့ အကြွေးတွေ
ကျေတော့မယ်ဆိုတာ သတိရပေးပါ။

သူဘာပေးပေး ကိုယ့်ဆီမှ သူ့ကို မေတ္တာပဲ
ပေးလိုက်ပါ။ မေတ္တာဆိုတာ ဝဋ်ကြွေးတွေ
ပြေဖိုအတွက် လူတစ်ယောက်အတွက်
အကောင်းဆုံးလက်နက် ဖြစ်ပါတယ်။

အမုန်းတွေရှိရင်လည်း ဒီဘဝတင်ကျေပါစေ။
အငြိုးတွေရှိရင်လည်း ဒီဘဝတင်ကျေပါစေ။
ဒီဘဝမှာ ဆပ်ခွင့်ရတဲ့ အကြွေးကို
ဒီဘဝမှာပဲ ဆပ်လိုက်ပါ။
နောက်ဘဝတွေထိ မယူသွားပါနဲ့။

ဝဋ်ဆိုတာ ဆပ်မှ ကျေ မယ်။
တကယ်တော့ ကိုယ်ကောင်းပေမယ့်
သူ မကောင်းတာဟာ
ဝဋ်ကြွေးတစ်ခုခုကြောင့်ပါ။

အရှင်ဇနက(မန္တလေးစာသင်သား)

🙏🙏🙏🙏🙏🙏🙏🙏🙏

မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။🙏

ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ ပြု နိုင်ကြပါစေ။