PDF အကြမ်းဖက်သမားများကြောင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရ

CRPH နှင့် NUG အကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသ များတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဌာနဆိုင်ရာရုံးများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများ အား လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့ထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦ ၁၃ ခုနှင့် ရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရမှုအား ဖော်ပြပါအတိုင်းတွေ့ရှိရပါတယ်။