သီတဂူသာသနာပြုလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်နှင့်တပ်ရင်း/တပ်ဖွဲ့များရှိမိသားစုများကအလှူတော်ငွေပေးအပ်လှူဒါန်း

သီတဂူသာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက အလှူတော်ငွေပေးအပ် လှူဒါန်းခြင်းကို နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ရာ ကမ္ဘာ့ဗုဒ္ဓသာသနာပြု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ကြွရောက် ချီးမြှင့်တော်မူပြီး တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြည်ညိုကန်တော့ခဲ့ကြပါတယ်။

အခမ်းအနား တက်ရောက်လာကြသူများက သီတဂူဆရာတော်ကြီးထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး တာဝန်ရှိသူများက တိုင်းစစ် ဌာနချုပ်နှင့် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းလှူဒါန်းသည့် အလှူတော်ငွေကျပ် ၁၅၄ သိန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြရာ သီတဂူဆရာတော်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့တယ်လို့ သိရှိရ ပါတယ်။