စင်ကာပူရောက် မြန်မာများ Pay2Home Application ဖြင့် လွယ်ကူလျင်မြန် စွာဖြင့် ငွေလွှဲနိုင်ပြီဖြစ်

စင်ကာပူရောက် မြန်မာများ Pay2Home Application ဖြင့် လွယ်ကူလျင်မြန် စွာဖြင့် ငွေလွှဲနိုင်ပြီဖြစ်ကြောင်း CB Bank ကသိရသည်။
အဆိုပါ Pay2Home Money Transfer သည် စင်ကာပူနိုင်ငံရောက် မြန်မာများအတွက် မိသားစုနှင့် မိတ်ဆွေများထံ ငွေလွှဲနိုင်ရာတွင် လွယ်ကူလျင်မြန်စေနိုင်မည်ဖြစ်ပြီး Application မှလည်း အလွယ်တကူ လွှဲပို့နိုင်သလို Pay2Home Money Transfer Machine (MTM) ကိုလည်း အသုံးပြုပြီးလည်း CB Bank သို့ အချိန်နှောင့်နှေးကြန့်ကြာမှုမရှိဘဲ Special Account နှင့် Normal Savings Account များအတွင်းသို လွှဲပိုနိုင်မည်ဖြစ်ကြောင်းသိရပါတယ်။
ထိုသို့ လွှဲပို့ရာတွင် မှတ်ပုံတင်နှင့် လျှိဝှက်ကုတ် (၇) လုံးပြပြီး CB Bank ၏ ဘဏ်ခွဲတိုင်းမှာလည်း လွယ်ကူစွာ ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။