မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

အရမ်းချစ်တယ်ဆိုတဲ့ကြားကပဲ
ထားသွားခဲ့ရတာပဲလေ ။

ကြည့်မရအောင်မုန်းတဲ့ကြားကပဲ
ပစ်သွားကြရတာပဲလေ ။

အလိုမပြည့်သေးဘူးဆိုတဲ့ကြားကပဲ
လွတ်ထားခဲ့ရတာပဲလေ ။

အဖော်တွေနဲ့ နေနေတဲ့ကြားကပဲ
ထွက်ခွာသွားကြရတာပဲလေ ။

ဘ၀တစ်ခုဟာ ဘာမှမကြာတဲ့ကြားက
ကိုယ်ကျန်းမာအောင် စိတ်ချမ်းသာအောင်
ကုသိုလ်ရအောင် နေကြရတာပါပဲ ။

လမ်းကောင်းတွေ့တုန်းမလျှောက်ရင်
ကိုယ်ပဲ ပန်းတိုင်းနဲ့ဝေးရမှာပါ ။

တစ်ခြားဘ၀တွေရဲ့
အဆင်မပြေမှုတွေကိုအသာထား

ကိုယ့်စိတ်ချမ်းသာအောင်မှ
မထားတတ်ရင်ကိုယ်လည်းသနာစရာပါ ။

မလွတ်လပ်ပဲ သမုဒယနဲ့ပျော်ရတာဟာ
လွတ်လပ်တဲ့ သုခ အပျော်နဲ့ယှဉ်ရင်
ဘာမှအထင်ကြီးမက်မောစရာမရှိပါဘူး ။

တစ်ယောက်ထဲနေပြီးတော့
အမြဲအသိသတိလေးရှိနေမယ်ဆိုရင်

ချန်ခဲ့လည်းတုန်လှုပ်စရာမလိုသလို
ထွက်ခွာရလည်း စိုးရိမ်စရာမလိုပါဘူး
ဘယ်နေအထားပဲဖြစ်ဖြစ်ချမ်းသာနေမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏