အွန်လိုင်းလိမ်လည်မှု သံသယရှိသူများကို ကမ္ဘောဒီးယားနိုင်ငံက တရုတ်သို့ ပို့ဆောင်

ကမ္ဘောဒီးယားနိုင်ငံက ၎င်းတို့နိုင်ငံအတွင်း ဖမ်းဆီးရမိထားသည့် အွန်လိုင်းလိမ်လည်မှု သံသယရှိသူ တရုတ်နိုင်ငံသား ၁၃၀ ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများကို ယနေ့ ဧပြီလ ၂၁ ရက်၊ နံနက်ပိုင်းတွင် ဟူဘေပြည်နယ် ဝူဟန်မြို့ရှိ ထျန်ဟိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ် မြို့ပြလေကြောင်း စင်းလုံးငှားလေယာဉ်နှစ်စင်းဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး သံသယတရားခံ ၁၃၅ ပါဝင်သည်။

ကမ္ဘောဒီးယားရဲတပ်ဖွဲ့အနေဖြင့် ၎င်းနိုင်ငံအတွင်းမှ ဖမ်းမိထားသော အွန်လိုင်းလောင်းကစား လိမ်လည်မှုနှင့် ပတ်သက်သည့် တရုတ်လူမျိုး သံသယရှိသူများကို မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်လျှက်ရှိရာ ယနေ့အချိန်အထိ လူဦးရေ ၆၈၀ ကျော်အထိ ရှိပြီဖြစ်ကြောင်း သိရသည်။