ယူကရိန်းအနေဖြင့်နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ရရန် အဆင့်သင့်မဖြစ်သေး

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းနိုင်ငံအနေဖြင့် နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ရရန် အဆင်သင့်မဖြစ်သေးကြောင်း၊ ၎င်းက ရုရှားနှင့်စစ်ပွဲကို ဦးစွာရပ်ဆိုင်းနိုင်မှသာ နေတိုးမဟာမိတ်များက ၎င်းအားအဖွဲဝင် ဖြစ်လာစေရန် စဉ်းစားနိုင်မည်ဖြစ်ကြောင်း ဇူလိုင်လ ၉ ရက်တွင် ပြောခဲ့သည်။ ထို့ပြင် ရုရှားနှင့်စစ်ပွဲကို ရပ်ဆိုင်းစေရန်အတွက် အမေရိကန်နှင့် နေတိုး၏မဟာမိတ်များက ယူကရိန်းသမ္မတ ဇယ်လန်စကီးနှင့် ၎င်း၏တပ်ဖွဲများအတွက် လုံခြုံရေးနှင့် လက်နက်ကိရိယာအထောက်အပံ့များပေးနေခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။