မြဝတီမြို့အနီး လက်ခတ်တောင်ဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် တပ်မဟာ(၆) KNU/ KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wingsနှင့် တပ်မတော်စစ်ကြောင်း မြဝတီမြို့အနီး လက်ခတ်တောင်ဒေသတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့မှ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး လက်ခတ်တောင်ဒေသတွင် လုံခြုံရေးတပ်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ စနိုက်ပါဖြင့်လာရောက်ပစ်ခတ်သဖြင့် စစ်သည် ၁ ဦး ကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး ၂ ဦးသေ ၃ ဦးဒဏ်ရာရတယ်လို့ လူအထင်ကြီးအောင် လုပ်ကြံဖန်တီးရေးသားထားခြင်းဖြစ်ပါသည်။

Misinformation

FACT-CHECK