ကလောမြို့တွင် (၁၄) ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့အခမ်းအနားကျင်းပ

(၁၄)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ တောင်ရိုးအမျိုးသား အလံတင်အခမ်းအနားနှင့် အမျိုး သားနေ့အခမ်းအနားအား ကလောမြို့နယ်၊ နန်းနိုင်ကျေးရွာအုပ်စု၊ နန်းမာန်ဘုရားတောင်၌ ၂၀၂၃ ဖေ ၂၁ ၁၀၂၅ အချိန် စတင်ပြုလုပ်ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၊တောင်ရိုး တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း(ဗဟို)ဥက္ကဌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဧည့်ပရိတ်သတ်များ၊ တက်ရောက်ခဲ့ပါတယ်။

အခမ်းအနား၌ တောင်ရိုးအမျိုးသားနေ့ တောင်ရိုးအမျိုးသား အလံတင်အခမ်းအနားနှင့် အမျိုးသား နေ့အခမ်းအနား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြောင်း ကြေငြာခြင်း၊ တောင်ရိုး အမျိုးသားအလံတော် အဓိပ္ပါယ် ဖွင့်ဆိုချက်အား ဖတ်ကြားခြင်း၊ တောင်ရိုးအမျိုးသား အလံတော်သီချင်းအား သံပြိုင် သီဆို၍ တောင်ရိုးအမျိုးသား အလံတော်အား လွင့်တင်ခြင်း နှင့် တောင်ရိုးအမျိုးသား အလံတော် အား အလေးပြုခြင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးမှ (၁၄)ကြိမ်မြောက် တောင်ရိုး အမျိုးသားနေ့အတွက် ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြား၍ တောင်ရိုးတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း(ဗဟို)ဥက္ကဋ္ဌမှ အမှာစကား ပြောကြားခဲ့ကာ၊ အလှူငွေ ပေးအပ်ခြင်း၊ ဂုဏ်ပြုလက်မှတ်နှင့် လက်ဆောင်များ ပြန်လည်ပေးအပ်ကာ၊မွန်းပြားကျေးရွာ စာပေယဉ်ကျေးမှုအဖွဲ့နှင့် နန်းတိုင်း ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့များက ကပြဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။