ခရီးသည်ယာဉ်ပေါ်တွင် ထိုးမုန့်ဗူး (၇) ဗူးထဲ၌ထည့်ထားသည့် ငွေစက္ကူငါးထောင်တန်အတု ငါးသန်းနှင့် အတူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိ

ရန်ကုန်မှစစ်တွေသို့မောင်းနှင်လာသည့် “ရွှေပြည်သစ်” ခရီးသည်မော်တော်ယာဉ်ပေါ်တွင် ထိုးမုန့်ဗူး(၇) ဗူးထဲ၌ထည့်ထားသည့် ငွေစက္ကူငါးထောင်တန်အတု ငါးသန်းနှင့်အတူ အမျိုးသားတစ်ဦးဖမ်းဆီးရမိကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက် ည ၉ နာရီအချိန်ခန့်တွင် ငဖဲမြို့နယ်၊ ပျဉ်းဝပူးပေါင်းစစ်ဆေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ခရီးသည်ယာဉ်အားမူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းရှိ/မရှိ စစ်ဆေးရာတွင် ထိုင်ခုံပေါ်ရှိ စင်ပေါ်တွင် အဖြူရောင်ကြွပ်ကြွပ်အိတ်ထဲ၌ ထိုးမုန့်ဗူး (၇) ဗူးထဲတွင် ထည့်ထားကြောင်း သိရပါတယ်။

ထိုငွေစက္ကူအတုများသယ်ဆောင်လာသည့် အောင်ကျော်အား ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။