ခွန်ခမာချန်ပီယံခါးပတ်လုပွဲ၌ မြန်မာကိုယ်စားပြု စိုးမိုးဇော် အနိုင်ရ

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ယမန်နေ့ မတ်လ (၁၇)ရက်နေ့က ကျင်းပပြုလုပ်သော ခွန်ခမာချန်ပီယံခါးပတ်လုပွဲ၌ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ရိုးရာလက်ဝှေ့ဖိုက်တာ စိုးမိုးဇော်က ဥပါကစ္စတန်သား အာဆတ်ကို ဒိုင်အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ပွဲစဥ်တွင် စိုးမိုးဇော်က ပြိုင်ဘက်ဖြစ်သူ အာဆတ်ကို ငါးချီပြည့်ချိန်အထိအသာစီးဖြင့် ထိုးသတ်ခဲ့ကာ ဒိုင်ရမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ #Crd