တရုတ်နိုင်ငံထုတ် EV ကား (၁၆)စီး မြန်မာ့စက်မှုဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ

တရုတ်နိုင်ငံထုတ် SUV (LHD) (Battery Electric Vehicle) အမျိုးအစား (Toyota BZ4X) EV ကား (၁၆)စီး မြန်မာ့စက်မှုဆိပ်ကမ်း (MIP)သို့ ရောက်ရှိလာကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အဆိုပါ EV ကားများကိုသတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်းစိစစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ (၁၀) ရက်တွင် သက်ဆိုင်ရာကုမ္ပဏီသို့ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းလာခြင်းဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားသည့်ကားများဖြစ်သည်။

EV ကားများတင်သွင်းခွင့် စတင်ခွင့်ပြုခဲ့သည့် ၂၀၂၃ ခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအထိ EV ကားအစီးရေ (၁၅ ၅၅)စီးဝင်ရောက်လာပြီး မှတ်ပုံတင်ခွင့်ပြုထားကြောင်း သိရသည်။