ရေစကြိုမြို့ ကြီးကန်ကျေးရွာအနီး လက်လုပ်မိုင်းများ ဖော်ထုတ်ရှင်းလင်း

ရေစကြိုမြို့နယ် ကြီးကန်ကျေးရွာအနီးတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ၎င်းကျေးရွာအနီး ပခုက္ကူ-ရေစကြိုသွားကားလမ်းတွင် အပြစ်မဲ့ပြည်သူများအား ထိခိုက် သေ ကြေစေရန် ထောင်ထားသော PDF များ၏ လက်လုပ်မိုင်းမျိုးစုံ ၂၇ လုံး၊ ဘတ္ထရီအိုး ၃ လုံး၊ ဝါယာကြိုး ၁ ခွေ တို့အား အောင်မြင်စွာ ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။