မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ

လူအမျိုးမျိုး စိတ်အထွေထွေမို့
အကြိုက်ချင်း မတူကြလို့လည်း

ငြင်းခုံစရာလည်း မလိုသလို
ဒေါသထွက်စရာလည်းမလိုပါဘူး ။

ကိုယ်ကမကြိုက်ပေမယ့်
အလိုက်အထိုက်ပဲနေလိုက်မယ်ဆိုရင်
အဆင်ပြေတဲ့ ဘက်မှာရှိပါတယ် ။

ငြင်းရင် ရန်ပါရတတ်သလို
ဒေါသထွက်ရင်လည်းပင်ပန်းပါတယ် ။

တွေ့ဆုံလာကြတဲ့သူတွေနဲ့
မေတ္တာမပျက်အဆင်ပြေပြေနေနိုင်ရင်
စိတ်အရည်ချင်းလည်း မညံ့ပါဘူး ။

သောကနဲ့ သံသယတွေကို
ပိုက်မထားပဲ လွတ်ချထားရင်လည်း
နေရတာ စိတ်သက်သာကြပါတယ် ။

မတတ်တာတဲ့အဆုံးဆိုပြီး
အမုန်းနှင့်တော့နိဂုံးမချုပ်လိုက်ပါနဲ့ ။

အရတော်တဲ့ လူ့ဘ၀မှာ
အနေပျော်ပျော် ရှိနေကြဖို့အရေး

ညစ်ပေးနေတဲ့ ကိုယ့်စိတ်ကို
သန်ရှင်းအောင် အမြဲဆေးပေးပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏