အကြမ်းဖက် KIA/PDF အဖွဲ့များရဲ့ drop bomb ကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ

ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီခွဲခန့်တွင် ကသာမြို့နယ်၊ အမှတ်(၉)ရပ်ကွက် အတွင်းသို့ အကြမ်းဖက် KIA/PDF အဖွဲ့များမှ Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၄ လုံး ချတိုက်ခိုက်ခြင်းကြောင့် လမ်းမပေါ် သွားလာနေသော အပြစ်မဲ့ပြည်သူ ဦးစန်းဝင်း (ခ)ဖိုးချို၊ ၄၉ နှစ်၊ (ဘ)ဦးဘသောင်၊ ဗမာ/ဗုဒ္ဓ၊ တောင်သူ၊ အမှတ် (၉)ရပ်ကွက်၊ ဦးမျိုးဝင်းသိန်း ၂၅ နှစ်၊ (ဘ) ဦးမောင်ငယ်၊ ဗမာ/ဗုဒ္ဓ၊ တောင်သူ၊ အမှတ်(၉)ရပ်ကွက်၊ ဒေါ်ခင်သန္တာဦး၊ ၄၃ နှစ်၊ (ဘ) ဦးသန်းမြင့်၊ အစ္စလာမ်/မူစလင်၊ ဈေးရောင်း၊ အမှတ်(၉)ရပ်ကွက် နေသူတို့အား ဗုံးစထိမှန်ပြီး အသီးသီး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။