ပိုက်ဆံအိတ်လုယူပြေးသွားသည့် အမျိုးသားနှစ်ဦး ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ မီတ္ထီလာခရိုင်၊ မိတ္ထီလာ့၊ ရန်ကုန်-မန္တလေးကားလမ်းရှိ စိန်ဒေါင်းကုန်တိုက်ရှေ့တွင် အမျိုးသမီးတစ်ဦးစီမှ ပိုက်ဆံအိတ်လု့ယူပြေးသွားသည့် အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့မှဖမ်းဆီးရမိကြောင်း သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့ တိုင်တန်းသောကြောင့် လိုက်လံဖမ်းဆီးရာတွင် လုယူသွားသည့် ဖုန်းနှင့် ငွေ (၆) သိန်းကိုပြန်လည်ရရှိပြီး၊ သန်းထွန်းအေး(ခေါ်)တရုတ်ကြီး နှင့် ဟန်ဝင်းကိုလည်း ဖမ်းဆီးရရှိကြောင်း သိရသည်။