မြဝတီကုန်သွယ်ရေးဇုန်ကို အကြမ်းဖက်သောင်းကျန်းသူများတိုက်ခိုက်

မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်ကို KNU/PDF အကြမ်းဖက်သောင်းကျန်းသူများကမတ်လ ၂၅ ရက်နံနက် ၅ နာရီမှစပြီးလက်နက်ကြီးလက်နက်ငယ်များဖြင့်တိုက်ခိုက်လာကြောင်းသိရသည်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးအကြမ်းဖက်သမားများသည်ကုန်သွယ်ရေးဇုန်အတွင်းရှိ အကောက်ခွန်နှင့် စီးကူးရုံးများကိုသော့များရိုက်ဖျက်ကာအတွင်းရှိ ပစ္စည်းများကိုလုယူပြီး ရုံးခန်းများကိုမီးရှို့နေကြောင်းသိရသည်။