ဒရုန်းစစ်ရေး လေ့ကျင့်ခန်းမှာ တရုတ်က မြန်မာကိုမဖိတ်တာ သာမန်တိုက်ဆိုင်မှုလား?

ဒရုန်းနည်းပညာသင်ခန်းစာများ အသုံးပြုနေတဲ့ တရုတ်စစ်ရေးလေ့ကျင့်ခန်းမှာ မြန်မာ့ တပ်မတော်ကို မဖိတ်တာ.. ဒရုန်းနဲ့တိုက်ခိုက်နေတဲ့ MNDA အဖွဲ့ရဲ့ ဒရုန်းစစ်ဆင်ရေးတွေကို မထိခိုက်စေဖို့ဆိုတာ ထင်ရှားနေပါတယ်..

တရုတ်နယ်စပ်က အကြမ်းဖက်လက်နက်ကိုင် အဖွဲ့တွေရဲ့   လက်နက်၊ခဲယမ်းတွေ တရားမဝင်ရရှိနေမူ့ကို တရုတ်လို အင်အားကြီး နိုင်ငံက မသိပဲ မနေပါဘူး…

နယ်စပ်တည်ငြိမ်ရေးအတွက် နယ်စပ်ကတိုင်းရင်းသားလက်နက်ကိုင်တွေထံ တရားမဝင် လက်နက် ၊ခဲယမ်းတွေ မရောက်ရှိအောင် ထိန်းချုပ်ပေးမယ်လို့ပြောခဲ့ပေမဲ့ ဒီနေ့ MNDAA အသုံးပြုနေတဲ့ ဒရုန်းတွေနဲ့  Drop Bomb တွေဟာ တရုတ်နိုင်ငံထုတ် လက်နက်ခဲယမ်းတွေဖြစ်ပါတယ်…

အဲဒါကြောင့် အခုစစ်ရေးလေ့ကျင့်မူ့မှာ မြန်မာကိုမဖိတ်တာနဲ့ အရှေ့မြောက်က တကျော့ပြန် တိုက်ပွဲတွေ အရှိန်မြင့်မားလာမှုဟာ သာမာန်တိုက်ဆိုင်မူ့မဟုတ်ကြောင်း သတိပြုကြစေချင်ပါတယ်။

ခင်ညိုချော