ဖယ်ခုံမြိုနယ်တွင် တိုက်ပွဲဖြစ်ပွားရာတွင် တပ်မတော်တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းမှား

မတ်လ ၁၂ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်ခန့်အချိန် ဖယ်ခုံမြို့နယ်အရှေ့ဘက်ခြမ်း ရွှေစမ်းကျေးရွာ တာဝါတိုင်ကုန်းသို ရောက်ရှိလာ သော တပ်မ ၆၆ တပ်မတော်သားများကို KNDF နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ ၁ နာရီ ကျော်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၁၂ ဦး သေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း Khit Thit Media က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
သတင်းအား စိစစ်ရာတွင် >>> မတ်လ ၁၂ ရက်နေ့ ဖယ်ခုံမြို့နယ်အရှေ့ဘက်ခြမ်း ရွှေစမ်းကျေးရွာအနီးတွင် နေ့လည် ၁ နာရီ ၃၀ မိနစ်ခန့်တွင် ၁ ကြိမ်နှင့် ညနေ ၄ နာရီခန့်တွင် ၁ ကြိမ် စုစုပေါင်းတိုက်ပွဲ ၂ ကြိမ်သာ ဖြစ်ပွားခဲ့ရာ KNDF/PDF ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်ရရှိခဲ့ပြီး တပ်မတော်တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်အမှန်မရေးဘဲ Khit Thit Media မှ တပ်မတော်တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးကာ ၁၀ ဒဏ်ရာရတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။
False-News
FACT-CHECK
https://t.me/factcheckmm