အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်နေသည့် Royal Phoenix Guerilla Force-RPGF အကြမ်းဖက် အဖွဲ့ဝင်များအားဖမ်းဆီးရမိ

                  နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်နှင့် အကြမ်းဖက်မှု လုပ်ရပ်များကို မလိုလားသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့ တိုင်ကြားချက်များအရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက် နေ့လယ်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်ရှိ “တော်ဝင်ဦး” တည်းခိုခန်း၊ အခန်းအမှတ်(၂၀၅)၌ Royal Phoenix Guerilla Force-RPGF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဒုတိယခေါင်းဆောင် ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီး အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ RPGF အမည်ခံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့် အား လည်းကောင်း၊ RPGF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ဇော်ထက်နှင့် ဟိန်းထက်တို့အား အမရပူရမြို့နယ်၊ ဧရာဝတီတံတား(ရတနာပုံ)စစ်ဆေးရေးဂိတ်တွင် လည်းကောင်း၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း(ခ)အော်တို၊ မင်းမင်းဦး(ခ)သက်ဦးမောင်တို့အား အမရပူရမြို့နယ်၊ မှန်တန်း ရပ်ကွက်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

         ဖမ်းဆီးရမိ တရားခံများ၏ထွက်ဆိုချက်အရ တရားခံ ကျား ၁၀ ဦး၊ မ ၃ ဦး၊ ပေါင်း ၁၃ ဦးတို့အား တရုတ် ကြိုးဆွဲလက်ပစ်ဗုံး ၅ လုံးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။