ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာတွင် PDFများ အားပေးသူ ၂ ဦးအား ဖမ်းဆီးရမိ

မတ်လ ၂၁ ရက်က နေ့လည် ၂ နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာတွင် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် PDFများအား အားပေးထောက်ခံကြောင်းနှင့် မဟုတ်မမှန်သတင်းများအား ရေးသားဖြန့်ဝေလျက်ရှိကြောင်းကို တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့များက သွားရောက် ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ သူရထွန်း၊ မြသင်းဖြူတို့ ၂ ဦးအား ၎င်းတို့၏ ဖုန်းအတွင်း သက်သေအထောက်အထားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။