ဂျပန်ဝန်ကြီးချုပ်ဟောင်းကို သတ်ဖြတ်ခဲ့သူကို စွဲချက်တင်ပြီ

ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဂျပန်အမျိုးသား တက်ဆုယာရာမာဂါမီကို အစိုးရရှေ့နေ့တွေက စွဲချက်တင်လိုက်ပြိဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၈ ရက်နေ့က ဂျပန်အနောက်ပိုင်း၊ နာရာမြိုက ဘူတာရုံအပြင်ဘက်မှာ လက်လုပ်သေနတ်နဲ့ သူက ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။

အခင်းဖြစ်ပွားရာနေရာမှာပဲ သူ့ကိုဖမ်းဆီးနိုင်ခဲ့ပြီးနောက် စိတ်ကျန်းမာရေးအခြေအနေကို ၆ လကြာ အကဲဖြတ်ခဲ့ပြီး လူသတ်မှုအတွက် တရားရင်ဆိုင်ဖိုအတွက် အစိုးရရှေ့နေတွေက ပြောဆိုခဲ့ပါတယ်။ အသက် ၄၂ နှစ်အရွယ် ရာမာဂါမီဟာ သေနတ်ကိုင်ဆောင်မှုကြောင့်လည်း စွဲချက်တင်ခံရမှာဖြစ်ပြီး တရားရုံးက စစ်ဆေးမှုတွေပြုလုပ်ပြီးချိန်မှာ အမိန့်ချမှတ်သွားမှာဖြစ်ပါတယ်။