PDF တွေ တပ်ကိုမနိုင်လို့ တံတားတွေကိုဗုံးခွဲနေပြန်ပြီ

ဇူလိုင်လ ၄ ရက် နံနက် ၁၁ နာရီခန့်တွင် အင်းတော်မြိုနယ်၊ တုံစီကျေးရွာအနီးရှိ အင်းတော်-ဗန်းမောက်သွားကားလမ်းမပေါ် နမီးချောင်းအား ဆက်သွယ်ဖောက်လုပ်ထားသည့် တုံစီတံတားအား PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား ရေလယ်တိုင်အမှတ်မှာ ကျိုးပဲ့ပျက်စီးသွားခဲ့ပြီး တံတားကြမ်းခင်းအလယ်မှာ အောက်သို့ ၃ ပေခန့် ကျိုးကျပြတ်တောက်သွားခဲ့ကြောင်း သိရပါတယ်။