၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းခဲ့သော ဆင်ဖြူတော်ကလေး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွင်လျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ဂုတ်မြို့နယ်၊ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ၂၃ ရက် ဇူလိုင်လ ၂၀၂၂ ခုနှစ်တွင်
မွေးဖွားခဲ့သော ဆင်ဖြူတော်ကလေးမှာ မွေးစတွင် အရပ်အမြင့် ၂ပေ ၅ လက်မနှင့် ပေါင် ၁၈၀ခန့်ရှိပါတယ်.
အဆိုပါဆင်ဖြူတော်ကလေးမှာ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက်မှ
၇ ချက်နှင့် ကိုက်ညီသောဆင်ဖြူတော်ကလေးပဲဖြစ်ပါတယ်..
ယခုအခါ အဆိုပါဆင်ဖြူတော်ကလေးမှာ အသက် ၂ လခွဲ အရပ်၂ ပေ ၈လက်မ
ကိုယ်အလေးချိန် ၂၂၅ ပေါင်ရှိလာပြီဖြစ်ရာ မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွင်လျက်ရှိပြီး
ပိုမိုယဉ်ပါးလာအောင် လေ့ကျင့်သင်ကြားလျက်ရှိတယ်လို့ သိရပါတယ်ရှင်…