နေပြည်တော်ရေပန်းဥယျာဉ်ဈေးပွဲတော်သို့ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိ

 

နေပြည်တော်ရေပန်း ဥယျာဉ်တွင် ကျင်းပလျက်ရှိသော
ညဈေးရောင်းပွဲတော်သို့လည်ပတ် ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိ​နေပါတယ်…
ယမန်နေ့ည ပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်များအပြင်
နိုင်ငံကျော်တေးသံရှင်များနှင့် The Voice Myanmar မှ တေးသံရှင်များက
Music Band များဖြင့် ပရိတ်သတ်အကြိုက်တေးသီချင်းများကို ညနေ ၆ နာရီမှ ည ၉ နာရီထိ ဖျော်ဖြေသီဆိုခဲ့ကြပါတယ်…
ပွဲတော်တွင် ကိုရီးယား.မြန်မာအစားအသောက်များရောင်းချသည့် ဆိုင်ပေါင်း ၅၀ ကျော်
ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဝင်ကြေးအနေဖြင့် ၅ နှစ်အထက်နှင့် လူကြီးတစ်ဦးလျှင် ၃၀၀၀ ကျပ်ဖြစ်ပါတယ်.
အဆိုပါဈေးရောင်းပွဲတော်အား အောက်တိုဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်…