ကျောက်ဆည် ဆင်အကပြိုင်ပွဲမှာ ဆင်အစီးရေ (၁၀၀)ခန့် ပါဝင်ယှဉ်ပြိုင်မယ်

ကျောက်ဆည် ဆင်အကအလှပြိုင်ပွဲကို ယခင်နှစ်ထက် ဆင်အစီးရေ ၃၀ နီးပါး တိုးပြီး ပြိုင်ပွဲဝင်ဆင် ၁၀၀ ခန့် ဖြင့် ကျင်းပသွားမယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီမှသိရပါတယ်။

အဆိုပါပွဲတော်ကို လာမယ့် အောက်တိုဘာ ၂၈ ရက်နေမှ ၂၉ ရက်နေ့အထိ ၂ ရက်တိုင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ရွှေသာလျောင်း တောင်ခြေရှိ ဝတ္တက ကုန်းမြေတွင် ပြုလုပ်သွားမှာဖြစ်ပြီး ရွှေသာလျောင်းတောင် မြတ်စွာဘုရား သီတင်းကျွတ် ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆင်အကအလှပြိုင်ပွဲကိုလည်း အရင်နှစ်က ဆင်အစီးရေ ၆၈ စီး ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ဆင်အစီးရေ တိုးမြှင့်ထားပြီး ၉၆ စီး အထိပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

crd