Twitter တွင် Reach အရေအတွက် မြင့်တက်လာစေရန်ဆောင်ရွက်သင့်သည့် အကြံပြုချက်များ(၁)

မိမိတို့ရဲ့ Twitter မှာ တင်သမျှ ပို့စ်တိုင်းကို လူများများ မြင်နိုင်ဖို့ဆိုရင် Twitter ရဲ့ အလုပ်လုပ်ပုံ အခြေခံသဘောတရားကို နားလည်ဖို့လိုမှာ ဖြစ်ပါတယ်။ Algorithm ကတော့ နည်းပညာဆိုင်ရာကို စိတ်ဝင်စားသူ များလေ့လာနိုင်ပါတယ်၊ အခုကတော့ အဓိကအချက်များကိုသာ တင်ပြသွားမှာဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ Twitter မှာ သတိပြုရမယ့် အခြားသော Social Media Platform တွေနဲ့ အနည်းငယ်ကွဲပြားခြားနားတဲ့အချက် ၃ ခုကတော့

၁။  မိမိတို့တင်တဲ့ပို့စ်အကြောင်းအရာ(The tweet) – အသုံးပြုသူက ပို့စ်တစ်ခု တင်ပြီဆိုရင်(အကြိမ်များလေ၊ ပိုထိရောက်လေ)၊ ဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်ပါလား၊ like, retweet လုပ်တဲ့သူဘယ်လောက်များလဲဆိုတာနဲ့တိုင်းတာပါတယ်။

၂။      ဒုတိယက ရေးသားသူ(The author) – အခြားသော အသုံးပြုသူတစ်ဦးရဲ့  ရေးသားချက်ကို ပြန်မယ်ဆိုရင်လည်း သူနဲ့ ဘယ်လောက်အပြန်အလှန် react လုပ်လဲ(like, repost,reply အကြိမ်များ/မများ)။ သူနဲ့ ဘယ်လိုပုံစံနဲ့  စတဲ့အချက်တွေကို ပြန်ကြည့်ပါတယ်။

၃။      နောက်ဆုံးအချက်ကတော့ သင်ကိုယ်တိုင်(You) ဖြစ်ပါတယ်။ သင့်ကိုတော့ Twitter ကိုဘယ်လိုသုံးနေလဲ၊ ဘာရည်ရွယ်ချက်လဲဆိုတာမျိုးနဲ့ သင်ဘယ်လိုအကြောင်းအရာတွေ ကို သုံးနေလဲဆိုတာကို စောင့်ကြည့်တယ်လို့ ဆိုပါတယ်(ဒါကတော့ ပလက်ဖောင်းတိုင်းလိုလို တူတဲ့သဘောရှိပါတယ်)

Twitter က သူ့ရဲ့ Time line မှာဘယ်လိုဖော်ပြလဲဆိုတော့ ပထမအဆင့်မှာ လူကြိုက်များ တဲ့ ထဲက သင်နှစ်သက်လောက်မယ်ထင်တဲ့ tweets(post)တွေကို   ဦးစားပေးဖော်ပြပါ တယ်။ ဒုတိယအနေနဲ့ ယခင်သင်အမြဲလိုလို ကြည့်လေ့ရှိတဲ့ tweets(post)တွေထဲက မကြည့်ဖြစ်လိုက်တဲ့ ရက်က စိတ်ဝင်စားလောက်မယ့် tweets(post)တွေကိုဖော်ပြပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ သာမန် new feed စတင်တဲ့အချိန်မှာ သင် follow လုပ်ထားတဲ့အကောင့်တွေထဲက အသစ်ဆုံး tweets(post)တွေပြပေးလေ့ရှိတယ်လို့ဆိုပါတယ်။ ဒီနေရာမှာ လူစိတ်ဝင်စားစေဖို့ ဒါမှမဟုတ် အသိအမှတ်ပြုစေဖို့ သတိပြုသင့်တဲ့အချက်လေးတွေကတော့ profile picture မှာကြည်လင်ပြတ်သားတဲ့ပုံ၊ အသင်းအဖွဲ့ဆိုလည်း ထင်ရှားတဲ့ အမှတ်တံဆိပ်မျိုးကိုဖော်ပြဖို့၊ နောက်ခံပုံ(Header Image)မှာလည်း ထင်ရှားပြီး သတိပြုလွယ်မယ့်ပုံများကို အသုံးပြုရပါမယ်(1500×500 pixels ရှိသင့်ပါတယ်)၊ ကိုယ်ရေးအချက်အလက်နေရာမှာတော့ မိမိရဲ့ အကြောင်း၊ ကျွမ်းကျင်ရာနယ်ပယ်၊ စတာတွေကို အတိုချုံး ရေးပြထားဖို့လိုပါတယ်။ အဖွဲ့အစည်းဆိုရင်လည်း မိမိတို့ရဲ့ လုပ်ငန်းဆိုင်တာတွေကိုရှင်းရှင်းလင်းလင်းဖော်ပြထားဖို့လိုပါတယ်။ နောက်ဆုံးအချက် ကတော့ မိမိအသုံးပြုတဲ့ နာမည်၊ ရေးသားနည်းပုံစံ၊ နောက်ခံအရောင်အသုံးပြုမှု၊စတာတွေကို ပုံစံသတ်မှတ်ထားပြီး Like and repost များတဲ့ posts တွေကိုလည်း pin post အနေနဲ့ ဖော်ပြထားသင့်ကြောင်း အကြံပြုထားပါတယ်။

နောက်ထပ် ဖော်ပြထားတဲ့သုတေသနပြု ဖော်ထုတ်ထားတဲ့ အချက် ၁၄ ခုကို ဆက်လက် တင်ပြသွားပါမယ်။