မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ဘုန်းကြီးတစ်ပါးကို သတ်ပြီး အိမ်သာကျင်းထဲ ပစ်ချခဲ့သူတွေထဲက ၃ ဦးကို ဖမ်းမိ

မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ဘုန်းကြီး တစ်ပါး ကို သတ်ပြီး အိမ်သာကျင်းထဲ ပစ်ချခဲ့သူ တွေထဲက ၃ ဦးကို ဖမ်းမိပြီလို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ် ပေါင်မြို့နယ် မိုးနှိုင်းရပ်ကွက် တောင်ပေါ် ဓာတ်တိုင်ကျောင်းမှ ဥူးကောသလ္လ အသတ်ခံရပြီး အိမ်သာကျင်းထဲ ပစ်ချ အလောင်းဖျောက်သည့် ပြစ်မှုကျူးလွန်သူ ၄ ဦးအနက်မှ ၃ ဦးကို ဖမ်းမိပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ ညပိုင်းက အဆိုပါ ဘုန်းကြီးကျောင်းအနီး အမျိုးသား ၄ ဦး အရက်သောက်နေစဉ် အသတ်ခံရသည့် ဥူးကောသလ္လက ဘုန်းကြီးကျောင်းအနီးမှာ အရက်မသောက်ဖို့ တားမြစ်ရာက စကားများ ရန်ဖြစ်ကာ လူသတ်မှုဖြစ်ခဲ့တာလို့ သိရှိရပါတယ်။