အကြမ်းဖက်သမားတို့၏ လက်ချက်ဖြင့်နေ့စဉ်သေဆုံးနေရသည့် အပြစ်မဲ့ပြည်သူများ

-ဇန်နဝါရီလ ၂၈ ရက် ၀၁၀၀ နာရီတွင် ပုလောမြို့နယ်၊ ပလောက်မြို့၊ တော်ဝင်ကျေးရွာဘက်မှ မျှစ်ချဉ်စုကျးရွာဘက်သို့ အကြမ်းဖက်အဖွဲ့မှ ကျား ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး “ဖိုးသီးချို” ပုဂ္ဂိလိက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းပိုင် 11/0.4KV 100KVA ထရန်စဖော်မာအား လက်နက်ငယ်ဖြင့် ပစ်ခတ် ဖျက်ဆီးသွားခဲ့သဖြင့် ထရန်စဖော်မာတွင် ကျည် ၃ ချက်ထိမှန်၍ ထရန်စဖော်မာအတွင်းရှိ ဆီများယိုစိမ့်ခဲ့ပြီး ကာလတန်ဖိုးကျပ်သိန်း ၈၀ ခန့်ဆုံးရှုံးခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၂၈ ရက် ၁၅၀၀ နာရီတွင် ရေစကြိုမြို့၊ အမှတ်(၃)စျေးရပ်ကွက်ရှိ “ဖြူစင်”ပရဟိတလူမှုကူညီရေး အသင်းမှ ယာဉ်မောင်း ဦးမြတ်သူ(၅၀)နှစ်၊ အမှတ်(၂)တောင်သာရပ်ကွက်၊ ရေစကြိုမြို့နှင့် ယာဉ်နောက်လိုက် ဦးမောင်ချမ်း (၃၅)နှစ်၊ အမှတ်(၂)စည်ပင်သာရပ်ကွက်၊ ရေစကြိုမြို့နေသူတို့ ၂ ဦးသည် အသင်းပိုင်ယာဉ်အမှတ်၊ 8SE/4284 အမျိုးအစား Super Custom(ခဲရောင်)ယာဉ်ဖြင့် ပခုက္ကူမြို့သို့ အောက်ဆီဂျင်အိုးများ သယ်ဆောင်ရန် ရေစကြိုမြို့မှ ပခုက္ကူမြို့ဘက်သို့ ရေစကြို-ပခုက္ကူကားလမ်းအတိုင်းထွက်ခွာလာခဲ့ရာ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာသို့ ရောက်ရှိစဉ် သဲတောကျေးရွာ PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဗိုလ်ဟိန်း ပါ အင်အား ၅၀ ဦးခန့်သည် ယာဉ်အားမိုင်းဆွဲတိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဖြစ်စဉ်တွင် ယာဉ်မောင်း ဦးမြတ်သူနှင့် ယာဉ်နောက်လိုက် ဦးမောင်ချမ်းတို့ ၂ ဦးသည် ယာဉ်အား မိုင်းဆွဲတိုက်ခိုက်စဉ် ယာဉ်ပေါ်မှ ခုန်ချ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၂၈ ရက် ၁၃၀၀ နာရီတွင် နွားထိုးကြီးမြို့နယ်၊ ဂွေးပင်တောကျေးရွာ၊ နွားထိုးကြီး-ဂွေးပင်တောကျေးရွာသွား မြေသားလမ်းဘေး၌ အမျိုးသား ၁ ဦး အား အကြမ်းဖက်သမားများမှ သတ်ဖြတ်ခဲ့ရာ ဓါးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရပါ။

-ဇန်ဝါရီလ ၂၈ ရက် ၁၈၁၅ နာရီတွင် စဉ့်ကိုင်မြို့နယ်၊ မုံပင်ကျေးရွာနေ ဦးတင်မျိုးလွင်(၅၀)နှစ်၊ ဇီးသီးအရောင်း/အဝယ် လုပ်ကိုင်သူသည် မုံပင်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း၌ ရှိနေစဉ် အကြမ်းဖက်သမား ကျား ၄ ဦးမှ ဆိုင်ကယ်    ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးတင်မျိုးလွင်တွင် ယာနဖူး ကျည်ဖောက်ဝင် နဖူးထိပ်ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲနားနောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် တို့ဖြင့် နေရာတွင်သေဆုံးခဲ့ကြောင်း သိရှိရ။