မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌺အဆိုးအမြင်တွေ နည်းပါစေ🌺

အဆင်ပြေသလိုသာနေကြရတာ
ရင်ထဲမှာတော့ အပူတွေကိုယ်စီနဲ့ပါ ။

သူများရနေတာတွေကြည့်ပြီးတော့
ကိုယ့်ဘ၀ကို အားမငယ်ပါနဲ့ ။

သိပ်အထင်ကြီးပြီးတော့လည်း
ကိုယ့်ဘ၀ကို အထင်မသေးလိုက်ပါနဲ့ ။

လာဘ်ရခြင်း မရခြင်းဟာ
လူတိုင်းကြုံရမယ့် လောကဓံဖြစ်လို့

မရလို့လည်း စိတ်မပျက်နဲ့
ရလို့လည်း စိတ်တွေမကြွပါနဲ့
ရရ မရရ အနိစ္စလို့သာမှတ်ယူထားပါ ။

ဖြစ်သမျှလည်း ပျက်ကြရသလို
တွေ့သမျှလည်း ခွဲကြရအုံးမှာပါပဲ ။

အပူများတဲ့ လောကကြီးမှာ
အပူနည်းအောင်နေနိုင်မယ်ဆိုရင်
ကိုယ့်အတွက် အမြတ်ကျန်ပါတယ် ။

အဆိုးများတဲ့ဘဝမှာ
အကောင်းဘက်ကိုသာဦးတည်ရင်
ကိုယ်လည်း အဆင်ပြေနိုင်ပါတယ် ။

အပြစ်များတဲ့လောကကြီးမှာ
အနှစ်ကျန်အောင် နေထိုင်တတ်ရင်
ဘ၀ကကျေနပ်စရာကောင်းပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏