ဇန်နဝါရီလ ၂၈ ရက်နေ့တိုက်ပွဲသတင်းများ

ရှမ်းပြည်(မြောက်ပိုင်း) လားရှိုးမြို့ နယ်ခြားတံတားအနီးသို့ MNDAAနှင့် PDF ပူးပေါင်းအင်အား ၄ ဦးခန့် ဝင်ရောက်လာသည်ကို တွေ့ရှိသဖြင့် မိမိဘက်မှ စတင်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်အတွင်း PDF ၁ လောင်းရရှိခဲ့။

-ကယားပြည်နယ် မိုးဗြဲမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် KNDF ၁ ဦးအား တွေ့ရှိသဖြင့် ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်အတွင်း KNDF ၁ လောင်း၊ Type-81 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၃၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့။

-တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရမ္မဇူကျေးရွာနှင့် သရက်ငုတ်ကျေးရွာတစ်ဝိုက် အကြမ်းဖက်များ ခိုအောင်းနေကြောင်းသတင်းအရ နယ်မြေရှင်းလင်းစဉ် ပုခက်ကျေးရွာမြောက်ဘက်သို့အရောက် နေရာ ၂ နေရာမှ PDF ၅၀ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်အတွင်း PDF ၁ လောင်း၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၄ တောင့် သိမ်းဆည်းရမိခဲ့။

-စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် အောင်ပင်းရွာမြောက်ဘက်သို့အရောက် PDF ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်တွင် PDF ၁ လောင်း၊ အမ်(၂၂) ကျည်အိမ် ၂ ခု၊ ကျည် ၃၀ တောင့် သိမ်းဆည်းရမိခဲ့။

-မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ကဘောက်ဇီးကုန်းရွာအနီး PDF စခန်း ၁ ခုအား တွေ့ရှိသဖြင့် ဝင်ရောက်ရှင်းလင်းခဲ့ပြီး ဖြစ်စဉ်တွင် လက်လုပ်မိုင်း ၈ လုံး၊ ဝါယာကြိုး ၁ ခွေ၊ ဆိုင်ကယ်ဘက်ထရီ ၂ လုံး၊ တဲ ၂ လုံး၊ ပစ်ကျင်းမျိုးစုံ ၃၁ ကျင်း၊ ဗုံးခိုကျင်း ၂ ကျင်းတို့အား တွေ့ရှိသိမ်းဆည်းခဲ့။

-စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် အုန်းတောကျေးရွာအတွင်းသို့အရောက် PDF ၂၅ ဦးခန့် ကပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်တွင် PDF ၁ လောင်း၊ လက်လုပ်သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့။