မြင်းခြံသူ ၄ ဦးအား PDF အဖွဲ့က ပစ်ခတ်သတ်ဖြတ်

ဇန်နဝါရီလ (၂၉) ရက် မနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ တူရင်းဘိုကျေးရွာတွင် နေထိုင်သည့် မအိမေဂျာ (၂၄)နှစ်၊ ဒေါ်ခင်ဆွေဝင်း (၄၆)နှစ်၊ ဒေါ်ညွန့်မေ (၆၂)နှစ်နှင့် မဇင်မာတင် (၃၀)နှစ်တို့သည် ၎င်းတို၏ နေအိမ်တွင် ရှိနေစဉ် PDF အဖွဲ့ဝင် (၇) ဦးက ဆိုင်ကယ်များဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာ၏ အနောက်တောင်ဘက် မြင်းခြံ- မြိုသာသွား ကားလမ်းဘေးအရောက် ၌ PDF အဖွဲဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။