KNDF နှင့် PNLA အဖွဲ့များအား ဆီဆိုင် ဘန်းယဥ်ရှိ ပြည်သူများမှ လက်မခံ

တည်ငြိမ်အေးချမ်းလျက်ရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်၊ ဘန်းယဥ် ၊ ဟိုပုံးမြို့နယ်များအတွင်းသို့ KNDF ပဒေါင် အကြမ်းဖက်သောင်းကျန်းသူများ ရောက်ရှိလာပြီး ဒေသခံ PNO အဖွဲ့၊ တပ်မတော် ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေမှုကြောင့် ဒေသခံ ပအိုဝ်းပြည်သူများ စစ်ဘေးဒဏ်သင့်လျက်ရှိပါတယ်။

NCA ကို ချိုးဖောက်ပြီး တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ခဲ့တဲ့ PNLA အဖွဲ့ဝင်တစ်ချိုကြောင့် KNDF အဖွဲ့များ ရောက်ရှိလာခြင်းအပေါ် ဒေသခံ ပအိုဝ်း ကျေးရွာများမှ ဆန့်ကျင် ရွံမုန်းလျက်ရှိပါတယ်။

မတ်လ ၄ ရက်နေ့ နေ့လည် ၂ နာရီ အချိန်ခန့်မှာ ဘန်းယဥ်မြို့နယ် ဘန့်ဗွီး ကျေးရွာအုပ်စု လွယ်မန်ကျေးရွာရှိ စာသင်ကျောင်းတွင် အခြေပြုနေသော KNDF/PNLA အဖွဲ့များ၏ ရိက္ခာများ ၊ ဘက်ထရီအိုး၊ ဆိုလာပြားများအား ကျေးရွာသားအချို့မှ ခိုးယူ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

PNLA အဖွဲ့မှ တပ်ခွဲမှူးအဆင့်ရှိသူတစ်ဦးက ရွာသူကြီးအား ခေါ်ယူပြီး ခိုးယူဖျက်ဆီးခံရသည့် ပစ္စည်းများအတွက် အလျော်ပြန်ပေးရမည်ဖြစ်ကြောင်း၊ ပဒေါင်တပ်ဖွဲ့များအတွက် စားနပ်ရိက္ခာကို ကျေးရွာများမှ ပေးရမည်ဖြစ်ကြောင်း၊ သူတိုအခြေချနေထိုင်မှုကို အနှောင့်အယှက်ပေးရင် ရွာကို မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။

ဒေသခံရွာသားများအနေဖြင့် စစ်ဘေးရှောင်နေရပြီး ကူညီထောက်ပံ့မှုများ မရရှိသဖြင့် တိုက်ပွဲများ ဖြစ်ပွားအောင် လုပ်ဆောင်နေသည့် PNLA အဖွဲ့အပေါ် ရွံ့ရှာမုန်းတီးနေကြတယ်လို့သိရပါတယ်။

#Crd တိုက်ပွဲသတင်းစုံ