မတ်လ ၅ ရက်နေ့ တိုက်ပွဲသတင်းများ

မတ်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥💥

ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်မှော်စခန်း၊ တာမခံစခန်းများသို့ KIA နှင့် PDF အကြမ်းဖက် အင်အား ၃၀ ဦးခန့်က Drone ဖြင့် Drop Bomb ချခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

လွိုင်ကော်

ကယားပြည်နယ် လွိုင်ကော်မြို့ လေဆိပ်အနီးသို့ KNPP/PDF ၄၅ ဦးခန့်က လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ နမ့်ကွတ်ဘုန်းကြီးကျောင်း၊ စားသုံးသူရေးရာရုံးနှင့် နည်းပညာတက္ကသိုလ်များသို့ KNPP/PDF အဖွဲ့အင်အား(စိစစ်ဆဲ) က ရှော့တိုက်ဒုံးများ၊ စနိုက်ပါများဖြင့် ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ဖားဆောင်း

ကယားပြည်နယ် ဖားဆောင်းမြို့မရဲစခန်း၊ နယ်မြေခံတပ်ရင်းဌာနချုပ်သို့ KNPP/PDF အကြမ်းဖက်အင်အား(စိစစ်ဆဲ) က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့။

ဆီဆိုင်

ရှမ်းပြည်(တောင်ပိုင်း) ဆီဆိုင်မြို့ ဆေးရုံအနီး လုံခြုံရေးဆောင်ရွက်နေစဉ် KNDF/PNLO နှင့် PDF အကြမ်းဖက် ၃၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။

ကနီ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ရွှေစည်းခုံဘုရားနှင့် ရဲစခန်းနေရာများသို့ နေရာ ၄ နေရာမှ အကြမ်းဖက် ၂၁၀ ဦးခန့်က Drone ၊ လက်နက်ကြီး/ငယ်များဖြင့် ၂ ကြိမ်လာရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ရန်သူထိခိုက်မှုစုံစမ်းဆဲ၊ မိမိစစ်သည် ၁ ဦး ဒဏ်ရာရ။