သာယာဝတီကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် PDF အကြမ်းဖက် ၁ ဦးအား ဖမ်းဆီးရမိ

မေလ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ကလေးမြို့နယ်၊ သာယာဝတီကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် ထိုမာကျေးရွာဘက်မှ မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးအား ရပ်တန့် စစ်ဆေးခဲ့ရာ တင်ထွန်းနိုင်(ခ)ဖိုးစနေသည် PDF အကြမ်းဖက် ၁ ဦး ကြောင်း၊ ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်း သက်သေအထောက်အထားများနှင့်အတူ စစ်ဆေးတွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲများက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။