မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ကုသိုလ်တရားကိုပဲ ချစ်ရမှာကို
တစ်ခြားဟာတွေ ချစ်မိနေတာ့
ကိုယ့်ဘ၀တွေ ပူလောင်ပြီပေါ့ ။

ခန္ဓာနှင့်ဘ၀သံသရာကိုမုန်းရမှာကို
တစ်ခြားအရာတွေ မုန်းမိနေတော့
စိတ်တွေ အရမ်းပင်ပန်းပြီပေါ့ ။

ကာမနဲ့ဘ၀ခန္ဓာရဲ့အပြစ်ကိုမြင်ရမှာကို
တစ်ခြားဟာတွေ အပြစ်မြင်နေတော့
ကိုယ့်စိတ် မအေးချမ်းရဘူးပေါ့ ။

လွဲနေတာလေးတွေကိုတည့်လိုက်ရင်
ကိုယ့်ဘ၀က အဆင်ပြေပါတယ် ။

လိုအပ်တာကို ဖြည့်လိုက်နိုင်ရင်
ကိုယ့်ဘ၀က ချမ်းသာနိုင်ပါတယ် ။

ကိုယ့်ရဲ့ ကောင်းတဲ့စိတ်နဲ့နေရင်
ကိုယ့်ဘ၀လည်းအေးချမ်းသလို

သူများဘ၀တွေလည်း
လုံ၀မဆင်းရဲ နိုင်တော့ပါဘူး ။

ကိုယ့်တာ၀န် ကိုယ့်ရဲ့အလုပ်ကို
ကိုယ်မလုပ်မိတဲ့ အတွက်ကြောင့်
မဆင်းရဲသင့်ပဲ ဆင်းရဲနေကြရတာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

crd;

ကုသိုလ္တရားကိုပဲ ခ်စ္ရမွာကို






သူများဘ၀တွေလည်း


🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏