မူးယစ်ရာဇာ ဝေရှောက်ခန်း၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် ထိုင်းနှင့် ဆွစ်ဇာလန် သဘောတူ

အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့က ဖမ်းဝရမ်းထုတ်ထားတဲ့ UWSA ‘ဝ’ တပ်ဖွဲ့က နာမည်ကျော် မူးယစ်ရာဇာ ဝေရှောက်ခန်းနဲ့ ဆက်စပ်တဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းဖို့ ထိုင်းနဲ့ ဆွစ်ဇာလန်နိုင်ငံတို့က သဘောတူလိုက်ကြောင်း Thai post သတင်းမှာ ဖော်ပြထားပါတယ်။

အသက် ၇၀ ကျော်အရွယ် မူးယစ်ရာဇာ ဝေရှောက်ခန်းဟာ လက်ရှိ UWSA ‘ဝ’ တပ်ဖွဲ့ထဲမှာ ဘဏ္ဍာနဲ့ /စီးပွားရေးပိုင်း အရေးပါတဲ့သူတစ်ဦး ဖြစ်နေပြီး ၁၉၉၃ ခုနှစ်မှာ အမေရိကန်က သူ့ကို မူးယစ်ဆေးဝါးမှုနဲ့ အသေရရ အရှင်ရရ ဒေါ်လာ ၂ သန်းဆုငွေထုတ်ထားကြောင်းလည်းသိရပါတယ်။ #Crd