ဖယ်ခုံမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းကို မီးရှိဖျက်ဆီး

ဒီမိုကရေစီအရေးလှုပ်ရှားသူလို့ ကင်ပွန်းတပ်ပေးထားတဲ့ NUG လက်အောက်ခံ NLD အစွန်းရောက် အကြမ်းဖက်အုပ်စုက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၊ ညောင်ကုန်း (၅)ရပ်ကွက်၊အထက(၁)စာသင်ကျောင်းမှာရှိတဲ့ ကျောင်းဆောင်တစ်ခုကို ယမန်နေ့ (ဇွန် ၃ ရက်)ညပိုင်းက မီးရှိဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

ထိုသို့ မီးရှိဖျက်ဆီးမှုကြောင့် သက်တမ်း နှစ် (၆၀)နီးပါးရှိတဲ့ အလျှား ၂၁၀ ပေ၊ အနံ ၃၀ ပေ၊(ခရေဆောင်)သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း၊ အခန်း(၈)ခန်းပါ တစ်ထပ်ကျောင်းဆောင် ၁ ဆောင်လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို ဆိုပါတယ်။

အဆိုပါကျောင်းဆောင်ကို ၁၉၆၄ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာဖြစ်လို့ သက်တမ်းအားဖြင့် ၅၉ နှစ်ခန့်ရှိပြီဖြစ်ပြီး ဆုံးရှုးမှုတန်ဖိုးကို တွက်ချက်မရသလို ကျောင်းသား၊ ကျောင်းသူများအတွက်လည်း များစွာနစ်နာမှုဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။