ဆူးပုတ်ကြိုက်သူများ အတွက် ဆူးပုတ်ဟင်း ချက်နည်းမျိုးစုံ

ဆူးပုတ်ကြိုက်သူများ အတွက် ဆူးပုတ်ဟင်း ချက်နည်းမျိုးစုံ

ဆူးပုတ်ကြိုက်သူများအတွက် ဆူးပုတ်ဟင်းချက်နည်းလေးတွေ စုစည်းပြီးဝေမျှပေးလိုက်ပါတယ်နော်။

ဆူးပုတ်ရခိုင်လှော်

ဆူးပုတ် အနုခက်‌တွေကို ရေဆေးထားပာ။ ငပိအနဲငယ် ဆီအနဲငယ် ဆား ရသာမူန့် ငရုတ်သီး‌ခြောက်အနဲငယ်ထောင်း ရေနဲနဲနဲ့ဖျော်ပီး အိုးထဲထည့်ပေးပြီး အရင်တည်ပါ။  ပွက်ပွက်ဆူလာရင် ဆူးပုတ်ထည့်ပီးအပေါ်အောက်လှန်ပာ။  ဆူးပုတ်နွမ်းရင် ရပါပြီနော်။ စိမ်းစိမ်းလေး စားချင်ရင် ခုချက်ခုပူပူလေးစားပါနော်။

ပိန္နဲသီးဆူးပုတ်ချက်

ပိန္နဲသီးကို ဆား နနွင်း ငပိ အားလုံးနဲနဲဆီပါရုံ ထည့်ပြီး ရေထည့်ပီး နူးအောင်တည်ပါ။  နူူးလာရင် ကြက်သွန်ဖြူ လိုသလောက် ထောင်းထည့်ပာ။  ဆီကို အနံ့ပါတယ်ဆိုရုံလေး ထည့်ပာ။ ထည့်ပီးတဲ့အခါ ပြန်အုပ်ထားပါ။ ရေနည်းနည်းကျန်ရင် ငါးနီတူခြောက် ထည့်ပေးပာ။ နူးရင် ဆူူးပုတ်ရွက်ထည့်ပါ။ ငရုပ်ကြမ်းမှုန့် ငရုပ်သီးစိမ်း ကြိုက်ရင် ထည့်လို့ရပါတယ်နော်။

မှိုဆူးပုတ်ငရုတ်သီးစိမ်းရခိုင်ချက်

ဘယ်မှိုအမျိုးစားမဆို ချက်နိုင်ပါတယ်နော်။ အိုးထဲကို ငရုတ်သီးစိမ်း စားနိုင်သလောက်ခွဲထည့်ပာ။ ငပိအနေတော်လေး ထည့်ပေးပာ။ ဆား ရသာမူန့်(စားရင်) ထည့်ပာ။ ရေအနဲငယ်နဲ့တည်ထားပြီး ရေဆူလာရင် အရသာမြည်းပီး မှိုထည့်ပာ။ မှိုနွမ်းရင် ဆူးပုတ်အုပ်ပေးပာ။ ဆူးပုတ်နွမ်းပီဆိုရင် အရသာရှိတဲ့ ဟင်းပွဲလေးရပာပီနော်။

ရခိုင်ရိုးရာပိန္နဲသီးဆူးပုတ်

ပိန္နဲသီးကို တုံးပီး ရေဆေးပါ။ အိုးထဲကို ငပိအနေတော် ထည့်ပါ။ ဆား ရသာမူန့် ငရုတ်သီး‌ခြောက် နဲနဲထောင်း ထည့်ပေးပါ။ ရေအနေတော် ထည့်‌ပီး ရေ‌ပေါ်ဆီအ‌နေ‌တော်လောက် ခပ်ပြီးတည်ပာ။  ပိန္နဲသီးနူးအောင် ရေများများ ထည့်ပာ။ နူးရင် အနု‌ခြွေထားတဲ့ ဆူးပုတ်အုပ်ပီး အရသာရှိရှိ  စားသုံးနိုင်ပာပီနော်။

ကန်းစွန်းဆူးပုတ်ကြော်

ကန်းစွန်းရွက်ကိုရေဆေးပါ။ ဆား အရသာမုန့်တို့ အပေါ်ကဖြူးထားပါ။ ဆူးပုတ်အနု‌ခြွေထားပာ။ ဆီအနဲငယ်သတ် ကြက်သွန်နီထည့်ပာ။ ကြက်သွန်နီနွမ်းရင် ကန်းစွန်းရွက်ထည့်ပေးပာ။ ဆူးပုတ်ထည့်ပီးမွှေပေးပါ။ နွမ်းရင်ရပါပြီနော်။ စိမ်းစိမ်းလေးစားချင်ရင် ထမင်းဝိုင်း အဆင်သင့်ပြင်ထားပြီး ခုကြော်ခုပူပူ‌လေးစားပါနော်။