ကလေးတက္ကသိုလ်ဖြစ်စဉ်တွင် PDF များထံမှ အလောင်းအချို့၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့သိမ်းမိ

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ – ၂၆

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ဆင်ခြင်တုံတရားမဲ့စွာဖြင့် နည်းမျိုးစုံအသုံးပြုလျက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အလစ်အငိုက်တွင် အကြမ်းဖက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသိုလုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်သို့ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားအင်အား ၁၃၀ ဦးခန့်က ကလေးတက္ကသိုလ်အတွင်းသို့ တောင်ဘက်မှဝင်ရောက်၍ ရူပဗေဒနှင့် သတ္တဗေဒစာသင်ဆောင်တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများနှင့် ရုံးဝန်ထမ်း များကို ဖမ်းဆီးထားရှိကြောင်း တာဝန်သိဝန်ထမ်းများ၏ သတင်းပေးပို့မှုအရ သိရှိရ သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အချိန်မီသွားရောက်ကယ်ဆယ်ခဲ့ရာ PDF အကြမ်းဖက်သမားများနှင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားရာ ကလေးတက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များမှ ဖမ်းဆီးခံထားရသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ရုံးဝန်ထမ်းစုစုပေါင်း(၂၈၅)ဦးအား တပ်မတော်စစ်ကြောင်းက အချိန်မီပြန်လည် ကယ်ဆယ်နိုင်ခဲ့သော်လည်း အကြမ်းဖက်သမားများအနေဖြင့် အချိုသော ဝန်ထမ်း၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ(စိစစ်ဆဲ) တိုအား ဓားစာခံအဖြစ် ဖမ်းဆီး ခေါ် ဆောင်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်မှုမရှိဘဲ PDFအမည်ခံအကြမ်းဖက်သမားများထံမှ အလောင်းအချို့၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မိသားစုဝင်များနှင့် ရုံးဝန်ထမ်းကို အကာအကွယ်ရယူ ပစ်ခတ် တိုက်ခိုက်ခြင်း၊ ရည်ရွယ်ချက်အတွက် အသုံးပြုထားခြင်း မရှိသော စစ်ဘက်ပစ်မှတ် မဟုတ်သည့် စာသင်ကျောင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် အကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတိုအရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတိုအပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် အင်အား(စိစစ်ဆဲ)ဆရာ/ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။