လူမျိုးကြီးဝါဒစွဲနဲ့ KNU

***************
KNU ဆိုတာ လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်ကတည်းက
လူမျိုးကြီးဝါဒစွဲနဲ့ ရပ်တည်လာတဲ့ အဖွဲ့အစည်းပါ…

ကရင်ပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ မြို့နယ် ၇ ခုရှိ
ပါတယ်…အဲ့ဒီပြည်နယ်တွေထဲမှာ ရာခိုင်နှုန်းအရ
ကြည့်ရင် ကရင်လူမျိုး ၆၀ % နဲ့ ကျန်တိုင်းရင်းသား
လူမျိုးပေါင်းစုံ ၄၀ % ခန့် အခြေပြု နေနေကြပါတယ်…

ဒါပေမယ့် မြဝတီမြို့နဲ့ ဘားအံ့မြို့တို့လို
အထင်ကရမြို့တွေမှာ ကရင်လူမျိုးထက်စာရင်
ကျန်လူမျိုးတွေအခြေပြုနေထိုင်မှုက အလွန်ကို
များပြားနေတာ တွေ့ရပါတယ်.

ဒီတခါပြောချင်တဲ့ အကြောင်းအရာကတော့
ကရင်ပြည်နယ်ရောက်ရှိနေတဲ့ ပြည်သူတွေနဲ့
PDF တွေ သိထားရမှာက KNU ရဲ့ လူမျိုးရေးနဲ့
သက်ဆိုင်တဲ့ မူဝါဒပဲ ဖြစ်ပါတယ်…

အရင်ဆုံး PDF တွေနဲ့ အားဖြည့်ထားတဲ့
KNU ရဲ့ တိုက်ပွဲတွေကို ကြည့်ပါ.. သေဆုံးမှုအချက်
အလက်များအရ KNU ထက်စာရင် PDF တွေက
ပိုမို သေဆုံးခဲ့ကြောင်း တွေ့ရှိရပါတယ်။
ဒါကအချင်းချင်း ထိတွေ့ပြီး အင်အားလျော့ပါး
လာစေတဲ့ လူမျိုးရေးဝါဒ မဟုတ်ပါလား…

PDF တွေ အသုံးချပြီး ကရင်ပြည်နယ်ရဲ့
အထင်ကရမြို့တွေက ပြည်သူတွေကို သဋ်ခိုင်း
နေတာကရော လူမျိုးရေးဝါဒ မဟုတ်ပါလား…

အရင်ကတည်းက အနောက်နိုင်ငံဆီကရတဲ့
ငွေကြေးယူ တိုက်ပွဲဖော်ပြီး အမြတ်ယူနေတဲ့
KNU တို့က အခုအချိန်မှာ NUG ဆီက ငွေကြေး
တွေလည်းယူ ကိုယ့်ပြည်သူတွေကို ပြန်သဋ်နေရတဲ့
အဖြစ်က KNU အတွက်ကကျိုးအမြတ် အများကြီး
ဖြစ်နေပါတယ်…

KNU ရဲ့ နှစ် ၆၀ ကျော် ကြွေးကြော်ခဲ့တဲ့ စကားက
ကရင်လူမျိုး ကောင်းစားရေး ဆိုတဲ့စကားဖြစ်ပါတယ်…

ဒါပေမယ့် အခုချိန်မှ ပြောင်းပြီးသုံးလာတဲ့စကားက
ပြည်သူနဲ့ တသားတည်းလို့ ပြောင်းသုံးလာတာမို့လို့
ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေနဲ့ PDF
တွေအနေနဲ့ သတိထားထားစရာ ဖြစ်လာခဲ့ပါပြီ…

နောင်တချိန် PDF တွေ လက်နက်ကိုင် ခွဲထွက်ပြီး
KNU ကို ပြန်တိုက်လို့ KNU ပြိုကွဲရင် ပြိုကွဲ…
မပြိုကွဲခဲ့ရင်တော့ PDF တွေကတော့ ကန်ထုတ်
ခံရမယ့် သူတွေဆိုတာ ကျိန်းသေနေပါတယ်…

ကိုယ့်လူမျိုးထိပါးတာ မနာတတ်တဲ့အပြင်
KNU နဲ့ပေါင်းပြီး ကိုယ်လူမျိုး ကိုယ်ပြန်သဋ်နေရတဲ့
PDF တွေကို ပြောချင်တာက..
“KNU ရဲ့ လူမျိုးကြီးဝါဒကို နားလည်ပါစေ’ လို့ပါပဲ..
(အ ရင်တော့ ခံပေါ့)

လင်းနေ
#KT