တောင်ငူအကျဥ်းထောင် အထူးတရားရုံးမှာ ရုံးထုတ်လာတဲ့အကြမ်းဖက်သမား ၁၀ ဦး လုံခြုံရေးတပ်ဖွဲ့ဆီမှ သေနတ်လု ထွက်ပြေး

တောင်ငူမြို့ရှိ တောင်ငူအကျဥ်းထောင် အထူးတရားရုံး၌ မေလ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် တရားရုံးသို့ ရုံးထုတ်လာသော အကြမ်းဖက်သမား အကျဉ်းသား ၁၀ ဦးက တာဝန်ကျ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သေနတ်လုကာ ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ပညာရေး (၅)မှ တပ်ကြပ်မောင်မျိုးမှာ ကျဆုံးခဲ့ပြီး စစ်မှုထမ်းဟောင်းဖြစ်သည့် တပ်ကြပ်ကြီး ကျော်မြင့်မှာ ဒဏ်ရာရရှိခဲ့ကာ ၎င်းတိုထံမှ ကာဘိုင် ၁ လက်နှင့် MA 11 ၁ လက်တိုအပြင် ဒုရဲအုပ် အေးသော်ထံမှ ခြောက်လုံးပြူး ၁ လက်နှင့် ရဲတပ်သား အောင်သူဝင်းထံမှ G- 3 ၁ လက်တို့ပါ ဆုံးရှုံးခဲ့ပါတယ်။

ဖြစ်စဥ်အတွင်း ပါဝင်ခဲ့သူတရားခံ (၁၀) ဦးစလုံး လွတ်မြောက်နေဆဲဖြစ်ကြောင်းသိရပါတယ်။