တိုက်နံပါတ် ၁၇ ဇာတ်ကား အပိုင်း-၁

Bonanza Production က ထုတ်လုပ်တဲ့ ဒီကားမှာ ဇာတ်လမ်း ဇာတ်ညွှန်းကို ရွှေရည်ရွှန်းလဲ့ကရေးသားထားပြီး ဒါရိုက်တာ နိုရာကိုက သရုပ်ဆောင်တွေဖြစ်တဲ့ စစ်မင်းထက်၊ အကယ်ဒမီ မင်းဦး၊ နေ့သစ်အေးအောင်၊ နန်းဆုဦး၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ မိုးသဥ္ဇာ၊ မိကြယ်စင်ကျော်ကျော် စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။

“ဒီဇာတ်လမ်းတွဲကလည်း Psychological thriller မို့ကြိုက်တယ်။ ကာရိုက်တာပုံစံက အဆန်းလေးလည်းဖြစ်တယ်။ ဒီကားထဲက အိုက်တင် တစ်ခုချင်းဆီက လုပ်ဆောင်ခွင့်လေးတွေ ပါလာတယ်။ ပရိသတ်တွေ ဇာတ်လမ်းရဲ့ တည်ဆောက်ပုံက တစ်ခုချင်းဆီကြည့်ပြီး စဉ်းစားစရာ‌လေးတွေ တွေ့ရမှာပါ”လို့ သရုပ်ဆောင် နန်းဆုဦးက ပြောပါတယ်။

တစ်ပိုင်းကို မိနစ် ၄၀ စာပါဝင်မယ့် ထိတ်လန့်ခြောက်ခြားစရာ ရုပ်သံဇာတ်လမ်းတွဲကို ဇူလိုင် ၁၅ ရက်ကစတင်ပြီး စနေနေ့နဲ့ တနင်္ဂနွေနေ့ ည ၇ နာရီတိုင်းမှာ အပတ်စဥ် 𝗙𝗼𝗿𝘁𝘂𝗻𝗲 𝗧𝗩 ရုပ်သံလိုင်းက ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။