ရှေးဟောင်းသမိုင်းဝင်ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်နှင့် ဌက်မြတ်နားတော်တင်လှူပူဇော်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ဥဿာမြို့သစ်၊ ပဲခူးတက္ကသိုလ်အနီး၌ တည်ထားပူဇော်သည့် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိသော ရှေးမင်းများအဆက်ဆက် သူတော်ကောင်းများအဆက်ဆက် တည်ထားကိုးကွယ်တော်မူခဲ့သည့် ရှေးဟောင်း သမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာ စိန်ဖူးတော်၊ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားကို သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် မတ်လ ၁၇ ရက်နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲဥက္ကဋ္ဌ သန်လျင် မင်းကျောင်းဆရာတော် အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အဆိုပါအခမ်းအနားသို့ကြွရောက်တော်မူလာကြတဲ့ ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇနီးနှင့်အဖွဲ့ဝင်များက နေ့ဆွမ်းများနှင့် လှူဖွယ်ဝတ္ထုအစုအစု တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။