ရွှေမဲနှင့် မုတ္တမဆိပ်ကမ်းတို့အား ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာ ယာယီဆိပ်ကမ်းအဖြစ်ခွင့်ပြု

ရန်ကုန်မြိုရှိ ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့အား အိမ်နီးချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းအဖြစ် ခွင့်ပြုပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယနေ့ ဧပြီလ ၂၆ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ Border Trade ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ OSS (One Stop Service) များမှ ဧပြီလ ၂၄ ရက်မှစ၍ တာဝန်ချထား စစ်ဆေးဆောင်ရွက်ပေးထားပြီး လုပ်ငန်းရှင်များအနေဖြင့် အိမ်နီး ချင်းနိုင်ငံများနှင့် ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားတယ်လို့သိရပါတယ်။ #Crd